လိပ်သို စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်ကာကွယ်ဆေးများကို အသက် (၁၈) နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ တိုက်နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး၀န်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ် (၃၀)ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံပြီး သူများအား ကာကွယ်ဆေးထိုးနှံပြီးစီးမှု မှတ်တမ်းကတ်ပြားများ ပေးအပ်ခဲ့သည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် လိပ်သိုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)