ပုလော စက်တင်ဘာ ၅
ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ပုလောမြို့နယ် အော်သာယာတောရ ကျောင်း မဟာစည် သာသနာ့ ရိပ်သာ ဆွမ်းဝေယျာ၀စ္စများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၄၆ သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ ဆွမ်းစားခန်းနေ ဆရာတော် ဦးပညာသီဟ မှ လက်ခံ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ လှူဒါန်းငွေ ၄၆ သိန်း သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုဗစ်−၁၉ ကာလအတွင်း ဆွမ်းဝေယျာ၀စ္စများ အခက်အခဲ မရှိစေရေး ပုလောမြို့နယ်ရှိ အော်သာယာတောရ ကျောင်း မဟာစည် သာသနာ့ ရိပ်သာသို့ ထောက်ပံ့ လှူဒါန်းခြင်းဖြစ်ကြောင်း ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကျောင်းထိုင် ဆရာတော် ဘုရားထံ လျှောက်ထားခဲ့သည်။
ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေ ၄၆ သိန်းအပြင် ဆန်(၁)အိတ်၊ ၂ ပိဿာ၀င် ဆီ (၃)ဗူး၊ ကြက်ဥ အလုံး ၁၀၀၊ Handgel (၃) ဗူး၊ Mask (၅) ဗူး လှူဒါန်းခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော )