ကျောက်ဆည် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက်တွင် မိုးရွာသွန်းချိန်တွင် လမ်းများ ပျက်စီးမှုမရှိစေရေး ဝေဘူလမ်း၌ Box Culvert တံတားတစ်စင်းအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့ မှတည်ဆောက် ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖောင်ရွာရပ်ကွက် ဝေဘူလမ်းသည် မိုးရွာသွန်းချိန်တွင် လမ်းတစ်လျောက်မိုးရေများ စီးဆင်းမှု ကြောင့် လမ်းပျက်စီးမှုမရှိစေရေး ခွင့်ပြုရန်ပုံငွေကျပ် (၄၅)သိန်းအကုန်အကျခံကာ အရှည်(၃၅)ပေ၊ အမြင့်(၄)ပေ၊ အကျယ်(၄)ရှိ Box Culvert တံတား တစ်စင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး အတွက် ရေစီးရေလာ ကောင်းမွန်စေရေး မြောင်းများအတွင်း အမှိုက်များဆယ်ယူခြင်း၊ ရေနှုတ်မြောင်းများ တိုးချဲ့တူးဖော်ပေးခြင်း၊ မြို့တွင်းလမ်းဘေးဝဲ/ယာများတွင် ပေါင်းမြက်များ ရှင်းလင်းပေးခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။
တင်တင်ထွေး