ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ဖယ်ခုံ     စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ယမန်နေ့နံနက် နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ် (ဒုတိယနေ့) ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။

 

ဖယ်ခုံမြို့ဆေးထိုးစုရပ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး သူများကို ဒုတိယအကြိမ် ထိုးနှံပေးလျှက်ရှိရာ စက်တင်ဘာလ ရက်နေ့က ၁၁၆၅ ဦးထိုးနှံပေးနိုင်ခဲ့ပြီး ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရှိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံဆေးထိုးစုရပ်နှင့် မိုးဗြဲကျေးရွာအုပ်စု ဆေးထိုးစုရပ်တို့တွင် ပထမအကြိမ်အဖြစ် ၃၅၄၁ ဦးထိုးနှံထားပြီး ဒုတိယအကြိမ် ကာကွယ်ဆေးကို စက်တင်ဘာလ ရက်နေ့ထိ ဖယ်ခုံနှင့် မိုးဗြဲစုစုပေါင်း ၂၈၃၆ ဦးထိုးနှံပြီးဖြစ်ကြောင်း သိရှိရသည်။

 

ကာကွယ်ဆေးထိုး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှကြီးကြပ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုအဖွဲ့များမှ ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ဖယ်ခုံမြို့နယ်တွင် ယနေ့အထိ စုစုပေါင်း Covid-19 (Positive) လူနာ ၂၁၂ ဦး ရှိပြီဖြစ်ကြောင်းနှင့် သေဆုံးသူ ခုနှစ်ဦးရှိကြောင်း၊ ရောဂါပိုးကင်းစင်လာသူ ၁၆၆ ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

 

မြို့နယ် ပြန်/ဆက်