စဉ့်ကိုင် စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ ယနေ့ အထိ အသက်(၆၅)နှစ် နှင့်အထက် အဘိုးအဘွား (၅၅၇) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒု မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) နှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ပရဟိတအသင်း အဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဒုတိယအကြိမ် ကာကွယ် ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းကိုဗစ်-၁၉ကူးစက်ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး ပြည်သူများလိုက်နာစေရန်၊ အသံချဲ့စက်များ၊ Hand Spaker ဖြင့် လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ရပ်ကွက် / ကျေးရွာများ အတွင်း ပိုးသတ်ဆေးများဖြန်းပေးခြင်း၊ ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာန က ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ / မရှိစစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညိုညို၀င်း(စဉ့်ကိုင်)