မြစ်သား စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ မသန်စွမ်းသူ များအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများထံသို့ ထပ်ဆင့်ပေးအပ်ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက လူမှုဝန်ထမ်း ဦးစီးဌာနမှ မသန်စွမ်းသူများအား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းစီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသောကိုဗစ်-၁၉ရောဂါကာကွယ် ရေးညွှန်ကြားချက်များနှင့်အညီ မသန်စွမ်းသူများ လက်ဝယ်အရောက် ကိုယ်တိုင်သွားရောက် ထောက်ပံ့ ပေးအပ်ကြရန်နှင့် လိုအပ်သည်များကို မှာ ကြားခဲ့ပြီး မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၇၉) အုပ်စုမှ မသန်စွမ်းသ (၈၀၅)ဦးအတွက် တစ်ဦးလျှင်ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၄၁၅၀၀၀၀/-) (နှစ်ရာလေးဆယ့်တစ်သိန်းငါး သောင်းတိတိ)ကိုသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများထံ ထပ်ဆင့်ထောက်ပံ့ပေး အပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငေွများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မသန်စွမ်းသူများ၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြမြမွန်