မြစ်သားမြို့နယ်တွင် အသက်၆၅နှစ်အထက် သက်ကြီးအဘိုး၊ အဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

 

မြစ်သား စက်တင်ဘာ ၄

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်အသက်(၆၅)နှစ်အထက် သက်ကြီးအဘိုး၊ အဘွားများအား သြဂုတ်လ(၃၀)ရက်နေ့မှစ၍ နံနက်()နာရီမှ (၁၂) နာရီအထိ ရှမ်းပွဲရပ်ကွက်ရှိ လုပ်အားကြေးမုံခန်းမဆေးထိုးစုရပ်နေရာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ်ကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေမာနွယ်နှင့် သူနာပြုဆရာမများက ကာကွယ်ဆေးထိုးနှံပေးကြပြီး မြစ်သားမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာ ကွယ်ရေးညွှန်ကြားချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး ()ပေအကွာ နေရာချထားပေးခြင်း၊ စနစ်တကျစာရင်းပေးသွင်းခြင်း လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက် နေခြင်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

မြစ်သားမြို့နယ်အနေဖြင့် ဒုတိအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင် သြဂုတ်လ(၃၀)ရက်နေ့မှ ယနေ့အထိအသက်(၆၅)နှစ်အထက် ကျား(၂၉၈)ဦး၊ (၃၂၂)ဦး စုစုပေါင်း သက်ကြီးအဘိုး၊ အဘွား (၆၂၀)ဦး   ထိုးနှံပေးပြီးဖြစ်ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိ ရသည်။

မြမြမွန်