ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်'' လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့''လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်

 

ဒဂုံအရှေ့  စက်တင်ဘာ  

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင်   ပန်းခင်း စီမံချက်ဖြင့် တိုင်းရင်း သား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးလုပ်ငန်းလမ်းညွှန်လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၁၁) နာရီအချိန်က အထက()တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင်ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသောင်းထွဋ်ဦး မှကြီးကြပ်၍ ဝန်ထမ်းများကပြည်သူများ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင် စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ် မျိုးမျိုးရရှိနိုင်စေရန်နှင့်  သတ်မှတ်ချက် များနှင့်ကိုက်ညီသည့် နိုင်ငံသားများမကျန် ရှိစေရေးအတွက် အသိပညာများ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ လက်ကမ်းစာစောင်(၂၀၀) စောင်အား ဖြန့်ဝေပေးခဲ့ပြီး ယမန်နေ့ကလည်း အမက ()တွင်လည်းစောင် ရေ(၂၀၀)ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင်လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာ ရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားရာတွင် ပူးတွဲတင်ပြရ မည့်အ ထောက်အထားများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/လက်ရှိဒေသတွင် အိမ်ထောင် စုစာရင်း/ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ခြင်း၊ နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက်ပေးရမည့် အမျိုးအစား()မျိုးစသည့် အချက်အလက် များပါဝင်ကြောင်း သိရသည်။

အေးမဉ္ဇူ