သိန္နီ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို သိန္နီမြို့နယ် သာသနာ့ဗိမာန်၌ ယနေ့နံနက်(၉) နာရီခန့်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်အတွင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးရာတွင် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သိန္နီမြို့နယ် ကြက်ခြေနီအ သင်းအဖွဲ့ဝန်ထမ်းများ ဦးဆောင်၍ ပထမအကြိမ် ထိုးနှံပေးပြီး သူများဖြစ်သည့် သိန္နီမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့်အထက်ပြည်သူများ၊ Volunteer ၊ ပရဟိတအဖွဲ့ဝင်များသံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ပုဂ္ဂိလိကဘဏ်ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်၊တည်းခိုခန်း၊ ပုဂ္ဂိလိကပို့ဆောင်ရေး အဖွဲ့အစည်းများ၊ ပုဂ္ဂိလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ Super Market ၊ စျေးသည်များ စသည်ဖြင့် ဦးစားပေးအုပ်စုများအလိုက် ကျန်းမာ ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်း၊ပါးစပ် နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်းချိန်တိုင်းတာပေးခြင်း၊ အပူချိန်တိုင်းတာပေး ခြင်း၊မှတ်တမ်းတင်ရေးသွင်းခြင်းများပြုလုပ်ပြီး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို သြဂုတ်လ ၂၉ရက်နေ့မှ စတင်၍ ယနေ့ထိ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး မြို့နယ် ကိုဗစ် ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ နေ့စဉ်ကြီးကြပ်ပေးလျက်ရှိကြောင်းနှင့် ပထမအကြိမ်ထိုးနှံပေးပြီးသူ (၆၀၄) ဦး အား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အိဇာချို(ပြန်/ဆက်)