လားရှိုးအကျဉ်းထောင်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

လားရှိုး    စက်တင်ဘာ  ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး အကျဉ်းထောင်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကျဉ်း သား(၄၉၀)ဦးအား  ယမန်နေ့ကစတင်ကာ လားရှိုးမြို့ အကျဉ်းထောင်း၌ ထိုးနှံပေးလျက်ရှိသည်။

ထို့သို့ထိုးနှံပေးရာတွင် ပထမအကြိမ်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသောသူများကို ဒုတိယအကြိမ်းဆေး ထိုးပေးခြင်းဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး Sinoharm အား  ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့်အကျဉ်းသားနှင့် အချုပ်သား(၄၈၄)ဦး၊ ပစ်ဒဏ်မှစေ့၍ ပြန်လည်လွတ်မြောက်သွားသူ(၆)ဦး၊ စုစုပေါင်း(၄၉၀)ဦးကို လားရှိုးမြို့ အကျဉ်းထောင် တာဝန်ခံ ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများကြီးကြပ်၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း၊ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံပြီး ပြစ်ဒဏ်စေ့၍ ပြန်လည်လွတ်မြောက်သူများကိုလည်း လိုက်လံနှိုးဆော်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် အကျဉ်းသားနှင့် အချုပ်သားများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း လားရှိုးမြို့ အကျဉ်းဦးစီးဌာန ၊အကျဉ်းထောင် တာဝန်ခံ ဦးထွန်းထွန်းဦးထံမှ သိရသည်။

ဥမ္မာချို