ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ်အဖြစ် စုရပ်(၃) ခုခွဲ၍ ဆက်လက်ထိုးနှံပေး လျက်ရှိ

 

တနင်္သာရီ စက်တင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ် အတွင်းလူမျိုး/ဘာသာမရွေး အသက်(၆၅)နှစ် အထက်အဘိုးဘွားများ၊ စားသောက်ဆိုင်/ဈေးဆိုင် ရောင်းချ သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ..စသဖြင့် ဦးတည်အုပ်စု(၁၂)ခုတို့ အား၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၃၁ ရက်မှ ဩဂုတ် လ၉ရက်) အတွင်း (ပထမ)အကြိမ်အဖြစ် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးထားသူများကို ဩဂုတ်လ၂၉ ရက်မှစ၍ (ဒုတိယ)အကြိမ်အဖြစ်နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ကဆေးထိုး စုရပ်(၃)ခုခွဲ၍ စုစုပေါင်း(၂၁၂)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေး ရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာ နမှသိရှိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှု အရမြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦး စီးဌာနမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင် သိုက်ထွန်းမှ ဦးဆောင်ကြီးကြပ်လျက်  အမက-ချောင်းငယ်ဆေးထိုးစုရပ် တွင်(၇၀)ဦးကိုလည်း ကောင်း၊ အထက-တကူကျောင်းဆေးထိုးစုရပ်တွင်(၇၇)ဦးကိုလည်းကောင်း၊ အရှေ့မော်တုန်း ကျေးရွာအုပ်စု၊ အမက-ဇလုံးရွာဆေးထိုးစုရပ်တွင် (၆၅)ဦးကိုလည်းကောင်း..စသဖြင့် ဆေးထိုး စုရပ် (၃)ခုအတွင်းစုစုပေါင်း(၂၁၂)ဦးအား (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကိုထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအသီးသီးမှ ဦးတည်အုပ်စု(၁၂)ခုအား ဦးစားပေးအစီ အစဉ်အတိုင်း (၃၁-၇-၂၀၂၁ မှ၉-၈-၂၀၂၁) နေ့အထိ (၁၀)ရက်အတွင်း Sinopharm ကာကွယ် ဆေးလုံးရေ(၁၉၅၅)လုံးဖြင့် လူဦးရေပေါင်း(၃၉၁၀)ဦးအား (ပထမ)အကြိမ်အဖြစ် ထိုးနှံပေးထား ပြီးဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း