ကျိုက်ဒုံ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ယနေ့ နံနက်၉နာရီက မြို့မဈေးအဝင်လမ်းဆုံနေရာ၌ ရွေ့လျား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရန် ကျန်ရှိနေသေးသည့် ဈေးသူဈေးသားများအား ထပ်မံ၍ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ၊ မရှိ Test Kit များဖြင့် အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဈေးသူဈေးသား(၂၅)ဦးအား ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး (မတွေ့)ရှိကြောင်း၊ ယမန့်နေက (၂၅)ဦးစစ်ဆေးခဲ့ရာ အမျိုးသမီး(၂)ဦး၊ အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး (တွေ့ရှိ)ခဲ့ကြောင်းနှင့် အဆိုပါ ပိုးတွေ့(၃)ဦးအား ကျိုက်ဒုံမြို့(COVID CENTRE)တွင် တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)