ပုလောမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ပုလော  စက်တင်ဘာ   ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုး အဘွား များနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ကို စက်တင်ဘာလ(၄)ရက်နေ့၊နံနက်ပိုင်းက မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှ ဝန်ထမ်း များနှင့် တာဝန်ရှိသူတို့က လက္ကူးကျေးရွာ အုပ်စုရှိ လက္ကူးကျေးရွာ (အထက−ခွဲ) ကျောင်းတွင် စတုတ္ထနေ့ အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိသော ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm  အမျိုးအစားဖြစ်၍ ဒုတိယအကြိမ် ပထမနေ့၊ ဒုတိယနေ့နှင့် တတိယနေ့ များ တွင် ပုလော မြို့နယ်၌ ကျား (၉၉၂) ဦး၊မ(၈၆၂) ဦး စုစုပေါင်း (၁၈၅၄) ဦး  လာရောက် ထိုးနှံခဲ့ပြီး အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ဆေးလာရောက် ထိုးနှံသူ များကို QR Code ပါသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးဖြစ်ကြောင်း မှတ်တမ်း များကို တစ်ပါးတည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ  ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်း ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော် (ပုလော)