မလှိုင်မြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

မလှိုင် စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့က နံနက်ပိုင်း၊ နေ့လယ်ပိုင်း နှစ်ပိုင်း ခွဲပြီး ဆေးထိုးစုရပ် (၆) နေရာ၌ ဦးတည်အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး သတ်မှတ်ကာလပြည့်ပြီးသူများကို ဆေးထိုးစုရပ်များဖြစ်သည့် အ.လ.က ထန်းပင်ကန် ၊ သဘွတ်ကုန်း (မြောက်)ဘုန်းကြီးကျောင်း ၊ အ.ထ.က မလှိုင် ၊ ရွှေမုဋ္ဌောဘုရား မြောက်ဖက်တန်ဆောင်း ၊ အ.လ.က ကံကြီး ၊ ရေထွက်ကျေးရွာ ဓမ္မာရုံ စသည့် စုရပ်နေရာ (၆) နေရာ၌ မနက်ပိုင်း ၊ နေ့လယ်ပိုင်း နှစ်ပိုင်းခွဲပြီး ဦးတည်အုပ်စုများအလိုက်  ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။ 

အဆိုပါနေ့က အသက်(၆၅) နှစ်နှင့် အထက် အဘိုးအဘွား(၄၇၆ )ဦး၊ စေတနာ့ဝန်ထမ်း Volunteer (၁၇၁) ဦး ၊ ဘုန်းတော်ကြီး နှင့် သီလရှင် ( ၁၉၂ ) ပါး ၊ နိုင်ငံဝန်ထမ်း (၃) ဦး ၊ ပုဂ္ဂိလိက ဘဏ်ဝန်ထမ်း(၃) ဦး ၊ တည်ခိုခန်း လုပ်ကိုင်သူ နှင့် ဝန်ထမ်း (၇ဝ) ဦး ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ(၃၆) ဦး ၊ စုစုပေါင်း( ၉၅၁ ) ဦး ထိုးနှံ နိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။ 

အဆိုပါနေ့ မွန်းလွဲပိုင်းက ရွှေမုဋ္ဌောဘုရား မြောက်ဖက်အာရုံခံတန်ဆောင်းအတွင်း သံဃာတော်များနှင့်သီလရှင်များ ကာကွယ်ဆေးထိုးနှံနေမှုကို မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ဇနီးတို့က လာရောက် ကြည့်ရှု အားပေးရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးစိုးမင်းထက်က ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ထားရှိမှု ၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကို ဆက်လက်ထိုးနှံပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဇနီး ဒေါက်တာစောမြင့်ထူးတို့က ကာကွယ်ဆေးထိုးနှံ ပေးနေမှုကို လိုက်လံကြည့်ရူကာ သံဃာတော်များနှင့် သီလရှင်များကို အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။                      

အောင်ဌေး(မလှိုင်)