မိုင်းယန်း စက်တင်ဘာ ၄
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ပြည်သူများလိုက်နာဆောင်ရွက်သင့်သည့် ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ရှိ လူစည်ကားရာနေရာများဖြစ်သည့် ယာယီပျံကျဈေးနှင့် လမ်းဆုံနေရာများတွင် ယနေ့ နံနက် ၇ နာရီခန့်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါနိုးဆော်ရာတွင် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်း ပါဝင်ပါ၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ပါ၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါ စသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအတွက် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)