ဝမ်းတွင်း စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် volunteer များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm များ ထိုးနှံပေးခြင်းကို (၂၉-၈-၂၀၂၁) ခုနှစ်နံနက် (၈)နာရီအချိန်မှ စတင်ကာ သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ ဒေသခံပြည်သူ(၂၈၅၇)ဦးအား ကာကွယ်ဆေးများ ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးSinopharmအား ဒုတိယအကြိမ်မြောက်ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၆၅)နှစ်အထက် ဒေသခံ ပြည်သူများနှင့် volunteer များအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူ အသက်(၆၅)နှစ်အထက်ရှိသူများနှင့် volunteer များကို သက်ဆိုင်ရာစုရပ်များအလိုက် ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်မြောက်ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထားထားနှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက လာရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီးဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ရေး နည်းလမ်းများကို တိကျစွာ လိုက်နာပြီး ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ ပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ အဆင်ပြေစေရေး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမိုးသူနှင့် ဒုတိယဦးစီးမှူး ဦးငြိမ်းချမ်းစိုးတို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းအနေဖြင့် အသက်(၆၅)နှစ်အထက်ရှိသူနှင့် ဒေသခံပြည်သူစုစုပေါင်း(၂၈၅၇)ဦးကို သက်ဆိုက်ရာ စုရပ်များ အလိုက်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ဒေသခံပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)