ဝမ်းတွင်း စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်မာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သံသယရှိသူ(၁၀၀)ဦးအား ယမန်နေ့ နံနက်(၈)နာရီအချိန်က သတ်မှတ်ထားသောနေ ရာ(၂)ခု၌ RDT Test Kit ဖြင့် စစ်ဆေးပေးရာတွင် (၁၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကုသဆောင်များတွင် ဆေးကုသမှုခံယူနေသူများအနက် ကျန်းမာရေးကောင်းမွန်လာသူ(၂၁)ဦး ဆေးရုံဆင်းခွင့် ရရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ သတ်မှတ်ထားသောနေရာ(၂)ခုဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံ၊ အထက(ဝမ်းတွင်း)၊ တို့၌စစ်ဆေးချက်များအရ၊ ဝမ်းတွင်း(၂)ရပ်ကွက်မှ(၁)ဦး၊ ဇဂျမ်းကုန်း(မ)ကျေးရွာမှ(၂)ဦး၊ တမာကုန်းကျေးရွာမှ(၁)ဦး၊ သဲတော(၃)ရပ်ကွက်မှ(၁)ဦး၊ ဝမ်းတွင်း(၁)ရပ်ကွက်မှ(၁)ဦး၊ နတ်ကန်ကျေးရွာမှ(၁)ဦး၊ မုန်တောကျေးရွာမှ(၄)ဦး၊ သစ်ပုလွေကန်ကျေးရွာ(၁)ဦး၊ ကုန်းရွာကျေးရွာမှ(၃)ဦး၊ စုစုပေါင်း(၁၅)ဦးတို့ ဖြစ်ပြီး ၎င်းပိုးတွေ့လူနာများအား မြို့နယ် Covid-19 ကုသဆောင်များတွင် တက်ရောက်ကုသလျက်ရှိပြီး ပိုးတွေ့လူနာများနှင့်ဆက်စပ် ထိတွေ့မှုရှိခဲ့သူများကို စုံစမ်းစိစစ်ဆောင်ရွက်လျက်ရှိကြောင်းဝမ်းတွင်း မြို့နယ်အနေဖြင့် ပြည်သူ့ဆေးရုံကုသဆောင်တွင်ကျား(၄၁)၊ မ(၃၇)၊ပေါင်း(၇၈)ဦး၊ မိုးလုံလေလုံအားကစားရုံ ကိုဗစ်-၁၉ကုဆောင်တွင် ကျား(၁၀)၊မ(၁၁)ပေါင်း(၂၁)ဦး၊ ကျေးလက်ကျန်းမာရေးဌာန(ဘုရားစု) ကုသဆောင်တွင် ကျား(၁၁)၊မ(၂၂)၊ပေါင်း(၃၃)ဦး ၊မြတ်ညီနောင်ရိပ်သာ ကုသဆောင်တွင် ကျား(၂၂)၊ မ(၈)ပေါင်း(၃၀)ဦး၊ ညောင်အုပ်ဖီးတိုက်နယ်ဆေးရုံကုသဆောင်တွင် ကျား(၄)၊မ(၆)၊ပေါင်း(၁၀)ဦး၊ နေပူကုန်းတိုက်နယ်ဆေးရုံ ကုသဆောင်တွင် ကျား(၅)၊မ(၅)ပေါင်း(၁၀)ဦး၊ အထက(ဝမ်းတွင်း) ကုသဆောင်တွင်ကျား(၇၈)ဦး၊ မ(၁၇၇)ဦး၊ပေါင်း(၂၅၅)ဦးတို့မှာ ဆေးကုသမှုများခံယူလျက်ရှိပြီး ဝမ်းတွင်းမြို့နယ် အတွင်းကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူနေသူကျား(၁၇၁)ဦး၊ မ(၂၆၆)ဦး၊ စုစုပေါင်း(၄၃၇) ဦးရှိကြောင်းနှင့်ဆေးကုသမှုခံနေပြီး ကျန်မာရေးကောင်းမွန်လာသူ(၂၁)ဦးမှာ ယနေ့နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး နေအိမ်(၇)ရက်စောင့်ကြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရဲမျိုး(ဝမ်းတွင်း)