မိုးနဲ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) အတွက် ကျေးရွာ များ ရွေးချယ်ခြင်းကို မြို့နယ် ကမ္ဘောဇခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်အိအိမွန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကျေးရွာအုပ်စုများအလိုက် ယခင်နှစ် ရရှိပြီးသောကျေးရွာများစာရင်း ၊ကျန်ရှိ သောကျေးရွာများ စာရင်းနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ပေးမည့် ကျေးရွာများစာရင်းကို အသေးစိတ် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ကာဟကျေးရွာအုပ်စုရှိ ဝမ်တက်တက်ကျေးရွာ၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ ခုတ်စက်ကျေးရွာ ၊ ကွန်နားကျေးရွာအုပ်စုရှိ ဆွမ်မရမ်းကျေးရွာနှင့် နောင်လိုင်ကျေးရွာအုပ်စုရှိ ပန်ယောင်ကျေးရွာ စသည့် ကျေးရွာလေးရွာကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာများအဖြစ် ကနဦးရွေးချယ် သတ်မှတ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ