ကျိုက်ဒုံမြို့တွင် ဒုတိယအကြိမ်၊ အသက်(၆၅)နှစ်နှင့် အထက် ဦးစားပေးထိုးသင့်သူများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်

ကျိုက်ဒုံ စက်တင်ဘာ ၃

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ (အ.ထ.က)ကျောင်းတွင် စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ ကကျိုက်ဒုံမြို့တွင် နေထိုင်သည့် အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများ၊ ဦးစားပေးထိုးသင့်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer/ ပရဟိတအဖွဲ့များ၊ သံဃာတော်များ၊ နိုင်ငံဝန်ထမ်များ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သူများ၊ ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြီမ်ထိုးနှံပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ကျိုက်ဒုံမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ တာဝန်ရှိသူများက အသက်(၆၅)နှစ် အထက်နှင့် ဦးစားပေးထိုးသင့်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေး ကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ကျိုက်ဒုံ)