နောင်ချို စက်တင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းသို့ ရန်ကုန်မြို့ ချစ်မေတ္တာ ဖောင်းဒေးရှင်းမှ Oxygen Concentrator (၇)လုံးနှင့်ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့က ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် ရန်ကုန်တိုင်ဒေသကြီး၊ ရန်ကုန်မြို့ ဖောင်ဒေးရှင်မှ သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ကုသရေးစင်တာတွင် အသုံးပြုရန် Oxygen Concentrator(၇)လုံး၊ PPE ဝတ်စုံ(၆၀)စုံ၊ Foot Strop (၆၀) ခု၊ KN 95 (၁၂၀၀)ခု၊ Oximeter (၁၀)ခု၊ Dead Body bag (၃၀)ခု ၊ Covid -19 Tesk Kits (၂)ဖာ၊ Cloths and Pants (၁၅) စုံ စုစုပေါင်းတန်ဖိုး ၁၂၃၈၅၀၀၀/ (ကျပ်တစ်ရာနှစ်ဆယ့်သုံးသိန်းရှစ်သောင်းငါးထောင်)ကို ပေးပို့လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်း ပရဟိတ လူမှုကူညီရေး အသင်းမှ သိရသည်။
သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်းသို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက စဉ်ဆက်မပြတ် ပေးပို့လှူဒါန်းပေးလျက် ရှိပြီး အဆိုပါအသင်းမှလည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကုသပေးခြင်း ၊ အောက်ဆီဂျင် လိုအပ်သောနေရာများသို့ အောက်ဆီဂျင်များ အခမဲ့လှူဒါန်းခြင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာများတွင် သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်း ကုသရေးစင်တာသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍သာမက အခြားကျန်းမာရေးကိစ္စများနှင့် မြို့နယ်အတွင်းပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်