မြောက်ဥက္ကလာမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆက်လက်ဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၇)နာရီက အ.ထ.က(၁) ကျောင်း၊ မြတ်ခရေခန်းမတွင် ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီးဖြစ်သော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း /ပရဟိတ အသင်းဝင်များ၊ ဆရာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စက်မှုဇုံဝန်ထမ်းများ၊ စုစုပေါင်း (၂၆၂၀၀)ဦးကို သြဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးသူ(၂၆၂၀၀)ဦးတို့အား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရာတွင်‌‌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် ရပ်မိရပ်ဖများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

မြမြဝင်း