လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

လိပ်သို  စက်တင်ဘာ  ၃

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ  ပထမ အကြိမ် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံထားသော ဆရာတော်သံဃာတော်များ၊ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့်  ပြည်သူများကို  ယမန်နေ့ နံနက် ၉ နာရီမှ စတင်ကာ  ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရာတွင် သြဂုတ်လ ၃ ရက်နေ့က ပထမ အကြိမ်ထိုးနှံ ထားသူများအား လိပ်သိုမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ယခင်က မိမိကာကွယ် ဆေးထိုးနှံထားသော နေရာတွင် သွားရောက်ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

 

လိပ်သိုမြို့အနေဖြင့် ရပ်ကွက်/ကျေးရွာများရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြသည့်   ဆရာတော် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ကျေးလက် နေပြည်သူများအား  လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့်  ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေ အထားရောက်ရှိမှသာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို  မိနစ် (၃၀) ခန့် အနားယူစေခြင်းများအား ဆောင်ရွက် ပေးပြီး  ဆေးထိုးရန် လာရောက်သည့် ပြည်သူများအား  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများနှင့် ဌာနဆိုင်ရာ၀န်ထမ်းများက ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)