ရွှေပြည်သာ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေး အတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော အမှတ်(၇/၈/၉)ရပ်ကွက်ရှိ အသက်(၆၅)နှစ် အထက်သက်ကြီး အဘိုးအဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များ အား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharmကို ယမန်နေ့မွန်းလွဲ(၂)နာရီမှ စတင်၍ ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် အ.ထ.က(၃)ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း စက်တင်ဘာ(၃၀)ရက်နေ့တွင်ဆက်လက် ထိုးနှံပေးသွား မည်ဖြစ် ကြောင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းအား ရွှေပြည်သာမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ကာ ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာမြတ်မြတ်နှင်းဦး ဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီစေတနာ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာ ရောက်ထိုးနှံသူ အဘိုးအဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား စာရင်းရေးသွင်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆေးလာရောက် ထိုးနှံသူစုစုပေါင်း (၄၀၀)ဦးရှိပြီးမြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်း လုပ်ငန်းများအားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သန္တာ(ပြန်/ဆက်)