ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ကျောက်ဖြူ   စက်တင်ဘာ 

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် ပြည်သူများကို ယမန်နေ့ မွန်းလွဲ နာရီ ၃၀ အချိန်က ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွား ရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား   ဒုတိယအကြိမ်မြောက် ပြန်လည်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း တို့ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကိုထိုးနှံပေး သည်။

 

ကျောက်ဖြူမြို့နယ်၌ အဆိုပါခိုလှုံရာစခန်းနေပြည်သူများကို  သြဂုတ်လ()ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  ပထမအကြိမ် စတင်ထိုးနှံပေးထားပြီးဖြစ်ကာ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလ() ရက်နေ့တွင် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ယနေ့တွင် ကာကွယ်ဆေးလာ ရောက်ထိုးနှံသူ ၁၂ ဦးရှိကြောင်းနှင့် ၎င်းစခန်းတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများ ကိုလည်း သတ်မှတ်နေ့ရက် များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း( ပြန်/ဆက်)