မလှိုင် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး နှင့်ကြိုတင်ကာကွယ် ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်း (Volunteer ) အဖွဲ့များကို ကာကွယ် ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃နာရီ ခွဲ အချိန်က မလှိုင်မြို့နယ် အထေွထေွ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်တွင် ကိုဗစ် တတိယလှိုင်း ကို ( ၂၁.၆ . ၂ဝ၂၁) ရက်နေ့မှ စတင်ဖြစ်ပွားခဲ့ကြောင်း ၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး နှင့် ကြိုတင်ကာကွယ် ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အားမလျှော့ပဲ ယခင်နှုန်းထားများ အတိုင်း ဆက်လက် ဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်မှလည်း စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့များကို (၉.၈.၂ဝ၂၁ ) ရက်နေ့မှစတင်ပြီး ထောက်ပံ့ငွေများ ပေးအပ်သွားမှာဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညှိနှိုင်းဆုံးဖြတ်ချက်ဖြင့် လတ်တလော ထောက်ပံနိုင် အောင် စီစဉ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထိန်လင်းမောင် တို့က လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ် သက်၍၎င်း ၊ အဖွဲ့ဝင်(၂) ဦးကျော်ငြိမ်းက စေတနာ့ဝန်ထမ်း (Volunteer )အဖွဲ့များကိုကျေးဇူးတင်ရှိကြောင်းနှင့် ဆက် လက်ပြီး မြို့နယ်မှတာဝန်ရှိသူ များနှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည် ။
ထို့နောက် မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer ) အဖွဲ့( ၆ ) ဖွဲ့ ကို လူတစ်ယောက်လျှင် တစ်ရက် ငေွ (၄၅ဝဝ)ကျပ်နှုံးဖြင့် (၁ဝ )ရက်တွက် နှင့်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည် ။ အဆိုပါနေ့က Saving Mahlaing ပရဟိတ အဖွဲ့ဝင် (၂ဝ) ဦးအတွက် ငွေကျပ် (၉ဝဝဝဝဝ ) ၊ PPE ဝတ်စုံ (၅ဝ) ၊ N 95 Mask (၅ဝ) ၊ လက်အိပ် (၃ဝဝ ) ၊ Hand Gel (၅ဝ) ဗူး ၊ အရက်ပြန်(၇ဝ) ဗူး ၊ ပိုးသတ်ဆေး( ၅ ) ဂါလံ (၁) ပုံး ၊ Bootst & Up (၅ဝ) ၊ Nutrivita အားဆေး (၆၅) လုံး ၊ Q.C.S.G ပရဟိတ အဖွဲ့ဝင် (၂၁ )ဦး အတွက် ငွေကျပ် ( ၉၄၅ဝဝဝ ) ၊ N 95 Mask (၅ဝ) ၊ လက် အိပ် (၃ဝဝ ) ၊ Hand Gel (၅ဝ) ဗူး ၊ အရက်ပြန်(၃ဝ) ဗူး ၊ ၊ Bootst & Up (၄၂ ) ၊ Nutrivita အားဆေး (၅ဝ) လုံး ၊ မေတ္တာရှင်ဆေးဖျန်းအဖွဲ့ဝင် (၁၁) ဦးအတွက် ငွေကျပ်(၄၉၅ဝဝဝ) ၊ PPE ဝတ်စုံ (၂ဝ) ၊ N 95 Mask (၅ဝ) ၊ လက်အိပ် (၃ဝဝ ) ၊ Hand Gel (၅ဝ) ဗူး ၊ အရက်ပြန်(၇ဝ) ဗူး ၊ ပိုးသတ်ဆေး( ၅ ) ဂါလံ (၁) ပုံး ၊ Bootst & Up (၃ဝ) ၊ Nutrivita အားဆေး (၂ဝ) လုံး ၊ စိတ္တသုခအသင်း အဖွဲ့ဝင်( ၁၇) ဦးအတွက် ငွေကျပ်(၇၆၅ဝဝဝ) ၊ PPE ဝတ်စုံ (၅ဝ) ၊ N 95 Mask (၅ဝ) ၊ လက်အိပ် (၃ဝဝ ) ၊ Hand Gel (၅ဝ) ဗူး ၊ အရက်ပြန်(၂ဝ) ဗူး ၊ ပိုးသတ်ဆေး( ၅ ) ဂါလံ (၁) ပုံး ၊ Bootst & Up (၄၄) ၊ Nutrivita အားဆေး (၆၅) လုံး ၊ Saving Kyauktan အဖွဲ့ဝင်(၂ဝ) ဦးအတွက် ငွေ ကျပ်(၉ဝဝဝဝဝ ) ၊ PPE ဝတ်စုံ (၅ဝ) ၊ N 95 Mask (၅ဝ) ၊ လက်အိပ် (၃ဝဝ ) ၊ Hand Gel (၅ဝ) ဗူး ၊ အရက်ပြန်(၇ဝ) ဗူး ၊ ပိုးသတ်ဆေး( ၅ ) ဂါလံ (၁) ပုံး ၊ Bootst & Up (၄၂) ၊ Nutrivita အားဆေး (၆၅) လုံး ၊ ရွှေကန်မေတ္တာ ရိပ်မွန် အဖွဲ့ဝင်(၂၁) ဦးအတွက် ငွေကျပ် (၉၄၅ဝဝဝ) ၊ PPE ဝတ်စုံ (၃ဝ) ၊ N 95 Mask (၅ဝ) ၊ လက်အိပ် (၃ဝဝ ) ၊ Hand Gel (၅ဝ) ဗူး ၊ အရက်ပြန်(၄ဝ) ဗူး ၊ ပိုး သတ်ဆေး( ၅ ) ဂါလံ (၁) ပုံး ၊ Bootst & Up (၄၂) ၊ Nutrivita အားဆေး (၆ဝ) လုံး ၊ တို့ ကို ပထမအကြိမ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည် ။
အောင်ဌေး (မလှိုင်)