ကျောက်ပန်းတောင်း စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို၊ ဩဂုတ်(၂၉)ရက်နေ့တွင်စတင် ထိုးနှံပေးခဲ့ရာ ယမန်နေ့ နံနက်ပိုင်းတွင် (ပထမအသုတ်)လူဦးရေ(၁၆၀၀) ထိုးနှံ ပြီးစီးခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွက် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိအကြိမ်ထိုးနှံရန်အတွက် ဆေးအကြိမ်ရေ(၁၆၀၀) ထုတ်ယူရရှိခဲ့ခြင်းဖြစ်ရာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မ တီဥက္ကဋ္ဌ နှင့် အဖွဲ့မှ အနီးကပ်ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊အခြားဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆေးထိုးစုရပ်များဖြစ်သော မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်ကြီးနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးရန်အတွက် ချိန်းဆိုရက်ကို ဩဂုတ်(၂၉)ရက်နေ့မှ ဩဂုတ်(၃၁)ရက်နေ့အထိ သတ်မှတ်ချိန်း ဆိုခဲ့သော်လည်း၊ အဆိုပါ ဆေးထိုးရက်များအတွင်း မိုးရွာသွန်း ရက်များနှင့်တိုက်ဆိုင်နေသဖြင့် အချိန့်ကျန့်ကြာခြင်းဖြစ် ခဲ့သော်လည်း ဆေးအကြိမ်ရေ (၁၆၀၀)အတွက် လူဦးရေ (၁၆၀၀) ပြည့်မီအောင်ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချူပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)