‌‌ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၅)နှစ် အထက် အဘိုးအဘွားများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

သင်္ဃန်းကျွန်း  စက်တင်ဘာ  ၃

 

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုး/အဘွားများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစတင်၍သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

 

 ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား Covid-19 Vaccine များကိုမြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှဝန်ထမ်းများက အသက်(၆၅)နှစ် အထက် အဘိုး/အဘွားများက စုရပ်များ အလိုက်ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကံထူး နှင့်အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်‌ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ‌ ပေါင်းစပ်‌ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

 

သင်္ဃန်းကျွန်းမြို့နယ်အတွင်းတွင် ရပ်ကွက်(၃၈)ခုရှိအသက် (၆၅)နှစ်နှင့် အထက် အဘိုး/အဘွားများကို အ.ထ.က(၂)ကျောင်းနှင့် အ.ထ.က(သုဝဏ္ဏ)ကျောင်းတို့တွင် စုရပ်(၂) နေရာခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရှိရသည်။

 

စန္ဒာမိုး(ပြန်/ဆက်)

၀၉ ၂၅၀၀၆၄၆၀၃