‌‌ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

တောင်ဥက္ကလာပ   စက်တင်ဘာ  ၃

 

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုး/အဘွားများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ် နေရာများ၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား Covid-19 Vaccine များကို မြို့နယ် ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၆၅)နှစ် အထက် အဘိုး/အဘွားများကို စုရပ်များအလိုက် ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်‌ ရေးနှင့်အ‌ရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲဝင်များ၊ ကြက်‌ခြေနီ တပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ‌ ပေါင်းစပ်‌ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

 

တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိ အသက်(၆၅)နှစ်နှင့် အထက် အဘိုး/အဘွားများကို အမှတ်(၁၀) ရပ်ကွက်ရှိ အ.မ.က(၁၁)၊ အမှတ်(၁၄) ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံတို့တွင် စုရပ်(၄) နေရာခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးကြောင်း သိရှိရသည်။

 

ခင်ဆွနှင်း(ပြန်/ဆက်)