လားရှိုးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိ

လားရှိုး  စက်တင်ဘာ ၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်များအား ကွင်းဆင် ဆောင်ရွက်ပေးလျက်ရှိရာ လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်တင်ရေးဌာနမှ လားရှိုးမြို့နယ်အတွင်းရှိ မန်အိုင်ကျေးရွာအုပ်စုရှိကျေးရွာလေးရွာမှ အိမ်ထောင်စုစာရင်း(၆၄)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၁၁၈)ပြား ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က သွားရောက် ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် မြန်မာ နိုင်ငံသား တိုင်းရင်းသားများနှင့်  ဥပဒေအရ တိုင်းသားများကို အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်(သို့မဟုတ်) ကိုင်ဆောင်သင့် ကတ်တစ်မျိုးမျိုးအား ရရှိကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက် အဖြစ် ၂၀၂၁ခုနှစ် မေလ ၃ရက်နေ့မှ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၃ရက်နေ့ထိ (၁၈)လတာကာလသတ်မှတ်၍ အမျိုးသားရေး လုပ်ငန်းတစ်ရပ် အသွင်ဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်တင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းနှင့် မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေဦးတို့ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး လားရှိုးမြို့နယ်တွင် အသက် ၁၆နှစ်နှင့် အထက်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စီမံချက်ကာလ(၃)လ တာအတွင်းလူဦးရေ(၃၉၀၆၉)လျာထားခဲ့ရာ လူဦးရေ (၃၂၁၇)ဦး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ထားပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေဦးထံမှ သိရသည်။

 

ဥမ္မာချို