မိုင်းစံ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာ ယနေ့နေ့လည်၁၂နာရီ အချိန်က မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဆေးဗိုလ်ကြီး ထူးဝေအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက မိုင်းစံမြို့ပေါ် (၃)ရပ်ကွက်မှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့အထွေထွေ အုပ်ချုပ်ရေး ဉီးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဉီးနိုင်လင်းနှင့် ဝန်ထမ်းများက ပါဝင်ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
မိုင်းစံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါများ ကူးစက်မှုမှ ထိန်းချုပ်ရန်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
မိုင်းစံ