အမရပူရ စက်တင်ဘာ ၂
အမရပူရမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်များထောက်ပံ့ပေးအပ်ခြင်းကို လေးစုရပ်ကွက်၊အထက(၁)ကျောင်း အမရ အောင်မြေခန်းမဆောင်တွင် ယနေ့နံနက်၁၀ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်မှုတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်နှုန်းဖြင့် မြို့နယ်အတွင်း နေထိုင်ကြသော အိမ်ထောင်စုပေါင်း(၄၉၄၆)စု၊ လူဦးရေ(၁၈၀၃၂)ဦးအတွက် ဆန်အိတ်(၁၂၃၆) အိတ်(၁၂)ပြည်ကို ထောက်ပံ့ပေးအပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတ ရေးရာဝန်ကြီးဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟံစိုးနှင့်အဖွဲ့ဝင်များက တက်ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထောက်ပံ့ပေးအပ်ရာ တွင်အထက(၁)တွင် ရပ်ကွက်ကျေးရွာအုပ်စု(၁၀)စုအတွက် အိမ်ထောင်စု(၂၃၅၄)စု ပေးအပ်ပြီး၊ ဥယာဉ်တော်ကျေးရွာအုပ်စုဓမ္မါရုံတွင် ကျေးရွာအုပ်စု(၁၂)အုပ်စုအတွင်းရှိ အိမ်ထောင်စု(၂၅၉၂)စု တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
(မြို့နယ်ပြန်/ဆက်)