လွိုင်လင် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ယနေ့ နံနက်(၁၀) နာရီက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသိုကွင်းဆင်းစစ်ရေးရာတွင် ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် နံနက်(၁၀နာရီ)က တောင်ကြီး- လွိုင်လင်- ကျိုင်းတုံပြည်ထောင်စု လမ်းရေမြောင်းနှင့် ပလက်ဖောင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း ၊ အဆိုပါ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းဆုံနေရာတွင် မီးပွိုင့်နှင်စီစီတီဗီ တပ်ဆင်ထားမှုကို လည်းကောင်း ၊ လွိုင်လင်မြို့ မင်းလမ်း - သုခလမ်း နှင့်ဘုရင့်နောင်လမ်းဆုံ မီးပွိုင့်နှင့် စီစီတီဗီ တပ်ဆင်ထားမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် ဝင်းထက်မြန်မာ ကုမ္ပဏီက တည်ဆောက်နေသော (၁၈၈ ပေ -၄၈ ပေ)ရှိ (၂) ထပ်စာသင်ဆောင် ၊ တက္ကသိုလ်ခြံစည်းရိုး အုတ်တံတိုင်းတည်ဆောက်နေမှုအား လည်းကောင်း ၊ ပင်လုံမြို့ပေါ်ရှိ မီးပွိုင့် တပ်ဆင်အသုံးပြုမှုနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ပင်လုံတက္ကသိုလ် တွင် တည်ဆောက်နေသည့် တက္ကသိုလ် ဘောလုံးကွင်းလုပ်ငန်းခွင်သို့ လည်းကောင်း ၊ လင်းမြတ်နိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောင်ရွက်နေသည့် လူ(၁၂၀၀)ဆံ့ ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်( မူလ) ခွင့်ပြုငွေဖြင့်ဆောင်ရွက်နေသည့် ပင်လုံ- ဟဲနန်း- ကျူလင်း- ဆနင်းလမ်းမြေမှ ကတ္တရာခင်းခြင်း (၀၇ မိုင်-၁၂ ပေ -၁၅ လက်မ) ကို ZNH ကုမ္ပဏီ မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လွိုင်လင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများသို့ ခရိုင်အုပ်ရေးမှူးနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ ၊ တာဝန်ခံအင်ဂျင်နီယာများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
မိုးလွင်ဦး ( လွိုင်လင်)