မိုင်းယောင်း စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့ အလင်းရောင် ပရဟိတမှ PPE ဝတ်စုံ ၁၀ စုံနှင့် Glove လက်အိပ် သုံးဘူး၊ စိုင်းအွန်ခမ်း မိသားစုက Surgical Gown အစုံ ၃၀ နှင့် Cap တစ်ထုပ်၊ မိုင်းယောင်းမြို့ ပါရမီတောရကျောင်းမှ Face Shield နှင့် Mask များ၊ အမှတ်(၁)ရပ်ကွက်မှ အလှူရှင်များ၊ စိုင်းခမ်းငင်း၊ စိုင်းဘွန်းအွေ့နှင့် ဒေါ်နန်းဘိုးတစ် မိသားစုတို့က အလှူငွေ ကျပ်တစ်သိန်းစီ၊ ဒေါ်နန်းအင်ခမ်းက အလှူငွေ ကျပ်ခြောက်သောင်း၊ ဦးအောင်ဆန်းဦး၊ ဦးလှကြိုင်နှင့် ပညာရေးမိသားစုတို့က အလှူငွေ ကျပ်ငါးသောင်းစီ၊ ဒေါ်နန်းထမ်းမား၊ ဦးနန်ကောင်ခမ်း၊ နန်းဘိုးတစ်၊ ဦးစိုင်းကွမ်း၊ နန်းဘိုးဟွမ်၊ ဦးဌေးအောင်နှင့် စိုင်းနော့အေး မိသားစုတို့က အလှူငွေ ကျပ်သုံးသောင်းစီ၊ နန်းအွန်ရှဲန်နှင့် နန်းခမ်းနွဲ့တို့က အလှူငွေ ကျပ်နှစ်သောင်းစီ၊ စိုင်းခမ်းအောင်နှင့်အဖွဲ့က Surgical Gown ၁၀ စုံနှင့် အလှူငွေ ကျပ်တစ်သောင်း၊ နန်းဘိုးအွမ်၊ စိုင်းခမ်းထိပ်နှင့် နန်းဖောင်းနွန်း မိသားစုတို့က Surgical Gown အစုံ ၃၀ နှင့် KF 94 Mask ခြောက်ထုပ်၊ နန်းအင်ခမ်းနှင့် နန်းဖုန်းပန် မိသားစုတို့က Surgical Gown ၁၀ စုံစီ၊ “Lump Sum Cofe”မှ Surgical Gown ၁၀ စုံ၊ Face Shield နှင့် Mask များ၊ Glove လက်အိပ် တစ်ဗူးနှင့် Lemon Tea ငါးဘူး၊ ဦးစိုင်းမှိုင်ခမ်းက အလှူငွေ ကျပ်တစ်သောင်း၊ နန်းဘိုးဆောင်၊ ဒေါ်သန်းသန်းမူနှင့် နန်းကျဲန်တစ်တို့က နံနက်စာ ထမင်းကြော်၊ ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်များ စသည့် စားသောက်ဖွယ်ရာများတို့ကို ပေးပို့လှူဒါန်းခဲ့သည်။
ယခုအခါ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ဆေးကုသမှု ခံယူနိုင်ရန် ယာယီဆေးကုသဆောင်သို့ ကူညီပို့ဆောင်ပေးခြင်း၊ အတည်ပြုလူနာများ ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူများကို အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးခြင်း၊ အရေးပေါ် သွေးလိုအပ်နေသူများအတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)