ဝမ်းတွင်း စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျန်မာရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သံသယရှိသူ(၂၇၀)ဦးအား ယမန်နေ့နံနက် ၈ နာရီ အချိန်က သတ်မှတ်ထားသော နေရာ(၃)ခု၌ RDTTestKitဖြင့် စစ်ဆေးပေးရာတွင် (၆၅)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
အဆိုပါသတ်မှတ်ထားသော နေရာ(၃)ခုဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံ၊ အထက(ဝမ်းတွင်း)၊ ရွာရှည် ကျေးလက် ကျန်းမာရေးဌာနတို့၌ စစ်ဆေးချက်များအရ သပြေသာ ကျေးရွာမှ(၁)ဦး၊ ရွာရှည်ကျေးရွာမှ (၁)ဦး၊ လျှော်ပင်ကျေးရွာမှ(၁)ဦး၊ ကံစွယ် ကျေးရွာမှ(၁)ဦး၊ သဲတော(၂)ရပ်ကွက်မှ(၁)ဦး၊ ဆူးပန်းကျေးရွာမှ (၁)ဦး၊ သရက်ကန် ကျေးရွာမှ(၇)ဦး၊ အောင်သာ(မ)(၁)ဦး၊ ဝမ်းတွင်း(၂)ရပ်ကွက်မှ(၁)ဦး၊ သပြေသာ ကျေးရွာမှ(၃)ဦး၊ ဝမ်းတွင်း(၂)ရပ်ကွက်မှ(၄)ဦး၊ ဝမ်းတွင်း(၁)ရပ်ကွက်မှ(၁)ဦး၊ နတ်ကန် ကျေးရွာမှ(၂)ဦး၊ ရွဲသီးကျေးရွာမှ(၁)ဦး၊ သဲတော(၃)ရပ်ကွက်မှ(၂)ဦး၊ ဝမ်းတွင်း(၁)ရပ်ကွက်မှ (၂)ဦး၊ ဆည်မြောင်းရုံးမှ(၁)ဦး၊ ကုန်းရွာကျေးရွာမှ(၃)ဦး၊ ဝမ်းတွင်း(၁)မှ(၁)ဦး၊ ဝမ်းတွင်း (၃)ရပ်ကွက်မှ(၁)ဦး၊ ရွာရှည်ကျေးရွာမှ(၂၈)ဦး စုစုပေါင်း(၆၅)ဦးတို့ဖြစ်ပြီး ၎င်းပိုးတွေ့လူနာများအား မြို့နယ် ကိုဗစ်-၁၉ ကုသဆောင်များတွင် တက်ရောက် ကုသလျှက်ရှိပြီး ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေမှုရှိခဲ့သူများကို စုံစမ်းစိစစ် ဆောင်ရွက် လျက်ရှိကြောင်း ဝမ်းတွင်းမြို့နယ်အနေဖြင့် ပြည်သူ့ဆေးရုံ ကုသဆောင်တွင် ကျား(၄၂)၊ မ(၃၇)၊ ပေါင်း(၇၉)ဦး၊ မိုးလုံလေလုံ အားကစားရုံ ကိုဗစ်-၁၉ ကုဆောင်တွင် ကျား(၁၀)၊ မ(၁၁)ပေါင်း(၂၁)ဦး၊ ကျေးလက်ကျန်းမာရေးဌာန(ဘုရားစု) ကုသဆောင်တွင် ကျား(၁၁)၊ မ(၂၂)၊ ပေါင်း(၃၃)ဦး၊ မြတ်ညီနောင်ရိပ်သာ ကုသဆောင်တွင် ကျား(၂၂)၊ မ(၈)ပေါင်း(၃၀)ဦး၊ ညောင်အုပ်ဖီး တိုက်နယ် ဆေးရုံကုသဆောင်တွင် ကျား(၄)ဦး၊ မ(၆)ဦး၊ ပေါင်း(၁၀)ဦး၊ နေပူကုန်း တိုက်နယ်ဆေးရုံ ကုသဆောင်တွင် ကျား(၅)ဦး၊ မ(၅)ဦး၊ ပေါင်း(၁၀)ဦး၊ အထက (ဝမ်းတွင်း)ကုသဆောင်တွင် ကျား(၇၄)ဦး၊ မ(၁၇၆)ဦး၊ ပေါင်း(၂၄၀)ဦးတို့မှာ ဆေးကုသမှုများ ခံယူလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်--၁၉ရောဂါ ပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူနေသူ ကျား(၁၆၈)ဦး၊ မ(၂၅၅)ဦး၊ စုစုပေါင်း(၄၂၃)ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)