လှည်းကူး စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ယမန်နေ့ မွန်းတည့် ၁၂ နာရီက အ-ထ-က(လှည်းကူး)တွင် (ဒုတိယ)အကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်း ကော်မတီအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် Volunteer များက ပူးပေါင်း၍ ဆေးထိုးရန်လာရောက်သူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းနှင့် ဆေးထိုးပြီးနောက် ဆေးနှင့် ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် မိနစ် ၃၀ ခန့်အကြာ စောင့်ကြပ် ကြည့်ရှုပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် (ဒုတိယ)အကြိမ် ကာကွယ်ဆေး ထိုးနှံရမည့်သူများကို သတ်မှတ်ရက်များတွင် ယခင်(ပထမ)အကြိမ် ထိုးနှံခဲ့သည့် နေရာများတွင် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)