ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲထိ Voltage အပြည့်အဝ အသုံးပြုနိုင်ရန်အတွက် 33KV မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းတွင် ပစ္စည်းအသစ်များ လဲလှယ်တပ်ဆင်ခြင်း ပြုလုပ်မည် ဖြစ်သောကြောင့် ယနေ့နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲထိ ခေတ္တဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်းမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)