မတူပီ၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာအချက်များအား ပြည်သူများသိရှိနိုင်ရေးအတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသခြင်းဆောင်ရွက်

မတူပီ သြဂုတ် ၁၄

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများကို  ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသခြင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသိပေး ကြေညာထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများ၊ ကြည့်ရှုနိုင်ရေး နှိုးဆော် ချက်များ၊ ပထမအကြိမ် ကြည့်ရှုရက်(၁၄)ရက်အပြင် ၈.၈.၂၀၂၀ ရက်နေ့မှ ၁၄.၈.၂၀၂၀ ရက်နေ့အထိ (၇)ရက် ထပ်မံတိုးမြှင့်ပေးထားသည့် ကြေညာချက်များ၊ မဲဆန္ဒရှင်စာရင်းကြည့်ရှုရာတွင် မဲစာရင်း၌ မိမိအမည်မပါ၀င်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မပါ၀င်သင့်ပဲပါ၀င်ပါက ပုံစံ(၄)ဖြင့် လည်းကောင်း၊ မဲစာရင်းရှိအချက်အလက်များ မှားယွင်းနေပါက (၄−ဂ)ဖြင့် လည်းကောင်း၊ မဲဆန္ဒရှင်များက မေးလေ့မေးထရှိသော မဲစာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများကိုလည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြသဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများက လာရောက်လေ့လာကြည့်ရှု လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)