ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လွှဲပြောင်းပေးအပ်

ပင်းတယ စက်တင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အချိန်နှင့်တပြေးညီ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ပေးရှိသည့် စေတနာဝန်ထမ်းများအား ကူညီထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းမှ အဖွင့်အမှာ စကားပြောကြားပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်ရေး စက်သုံးဆီနှင့် စားသောက်စရိတ်အဖြစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အရေးပေါ် ရန်ပုံငွေမှ တစ်မြို့နယ်လျှင် ငွေကျပ် (၁၁,၁၀၀,၀၀၀) တစ်ရာတစ်ဆယ့်တစ်သိန်းနှုန်းဖြင့် နှစ်မြို့နယ်အတွက် ငွေကျပ်(၂၂၂၀၀၀၀၀)အား ရှမ်းပြည်အစိုးရအဖွဲ့ကိုယ်စား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ပေးအပ်ရာ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။