ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကြက်ခြေနီ အထွေထွေရောဂါကု (အခမဲ့)ဆေးခန်း ဖွင့်လှစ်

ဒဂုံဆိပ်ကမ်း  စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေ​သကြီး၊အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးဆက်မှု ဖြစ်ပွားနေသောအခြေအနေများကြောင့် ခေတ္တခဏ (ယာယီ) ပိတ်ထားသော ကြက်ခြေနီ အထွေထွေရောဂါကု(အခမဲ့) ဆေးခန်းကိုယခုအခါ ကူးစက်မှုလျော့ကျလာသဖြင့် (၅.၉.၂၀၂၁) တနင်္ဂနွေနေ့မှစတင်၍ တစ်ပတ်လျှင် (၃) ရက်၊ တစ်နေ့လျှင် လူနာ (၅၀) ဦးကိုနံနက် (၈:၀၀)နာရီမှ နေ့လည်(၁၂:၀၀)နာရီအထိ အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကြက်ခြေနီအထွေထွေရောဂါကုဆေးခန်းတွင် သက်ကြီးရွယ်အိုအဖိုးအဘွားများ၊ ဆရာတော်သံဃာတော်သီလရှင်များ၊ ကလေးငယ်များနှင့် မည်သူမဆို (အခမဲ့) လာရောက်၍ ပြသနိုင်ကြောင်းနှင့် အခမဲ့ဆေးခန်းကို ရည်ရှည်ရပ်တည်နိုင်ရေးအတွက် ပြည်သူများအတွက်လိုအပ်‌သော ဆေးဝါးများ လှူဒါန်းလိုပါကလည်း အလှူရှင်များအနေနှင့် ဆေးဝါးများကိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများထံသို ဆက်သွယ် လှူဒါန်းနိုင်ကြောင်းကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုး ထိုက်ထံမှ သိရသည်။

ကြက်ခြေနီအထွေထွေရောဂါကုဆေးခန်းအား ယုဇနဥယျာဉ်မြို့တော် အမှတ်(၉၄)ရပ်ကွက်၊ ပိတောက်လမ်း(B)၊ တိုက်(၂၈)အခန်း(၀၀၂) မြေညီထပ်တွင်ဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည်။

ဖြိုးစန္ဒာကျော်