တနင်္သာရီ စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်၊ တာရိုးလမ်းနေ အသက်(၆၅)နှစ် အရွယ်ရှိသည့်(ဖခင်) အိမ်ထောင်ဦးစီးဖြစ်သူသည် ယမန်နေ့ နံနက် ၁၁နာရီခန့်က နေမကောင်းသဖြင့် ဆေးခန်းပြသ၍ RDT Test-Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိရသဖြင့် ပိုးတွေ့သူနှင့် ထိစပ်ဆက်နွယ်သည့် မိသားစုဝင်(၆)ဦးတို့အား ကိုဗစ်-ရောဂါပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်အား Lock Down ချ၍ (၁၄)ရက်အကြာ အသွားအလာ ကန့်သတ်ပြီး ကျန်းမာရေး စောင့်ကြပ်ပေးထားရှိကြောင်း သိရှိရသည်။
၎င်းမိသားစုဝင်များသည် စားသောက်ရေး အခက်အခဲဖြစ်နေသဖြင့် ထိုက်သင့်သမျှ အဆင်ပြေစေရန် ရည်ရွယ်ပြီး တနင်္သာရီမြို့မှ လေးရောင်ခြယ် ပရဟိတအသင်းက အလှူငွေ (၅၀၀၀၀)ကျပ်၊ ဦးရဲရင့်နိုင်က (၅)ပြည်ဝင် ဆန်တစ်အိတ်၊ သုခရွှေရီ ကျန်းမာရေး အထောက်အကူပြု ပရဟိတအသင်းတာဝန်ခံ ဦးအိုကြီး+ဒေါ်ရွှေအေး မိသားစုမှ (၅)ပြည်ဝင် ဆန်တစ်အိတ်နှင့် ဆီ၊ မုန့်ခြောက်များအား မိမိအစီအစဉ်ဖြင့် သွားရောက်ထောက်ပံ့ လှူဒါန်းပေး
ခဲ့ကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း