မိုင်းပန် ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း နေထိုင်လျက် ရှိသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် အကြောင်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းအောင်က ရပ်ကွက်နှင့် ကျေးရွာများမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားကာ ဒုလဝကမှူး ဦးကျော်စွာထွန်းမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် အပိုင်း(၄)ပိုင်းခွဲပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပထမအချက်-လက်ရှိဒေသမှာ နေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းရှိ ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ဒုတိယအချက်-လက်ရှိဒေသမှာ နေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ တတိယအချက်-ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသမှာ နေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊ စတုတ္တအချက်-ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် နေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်း မရှိကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများကို စိစစ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မြို့နယ်အနေဖြင့် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ (၂၄၁၅)ဦးအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ရာ ရပ်ကွက်၊ ကျေးရွာများအရောက်ကွင်းဆင်းပြီး ပန်းခင်းစီမံချက်အဖြစ် မြို့နယ်အတွင်း နေထိုင်ကြသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ်နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ ၃-၅-၂၀၂၁ ရက်နေ့မှ ၃၀-၉-၂၀၂၁ ရက်နေ့အထိ ပထမ (၅) လတာနှင့် ၁-၁၀-၂၀၂၁ ရက်နေ့မှ ၃၀-၉-၂၀၂၂ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။