ပုဗ္ဗသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပုဗ္ဗသီရိ   ဩဂုတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဩဂုတ်လ(၂၉)ရက်နေ့မှစတင်၍ ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို အ-ထ-က (၂၀)တွင်  ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)မထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏ တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။          

ပုဗ္ဗသီရိမြို့နယ်အနေဖြင့် သံဃာတော်များ၊ ကျန်းမာရေးဝန်ထမ်းများ၊  အသက်(အသက်၆၅) နှစ် အထက် အသက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများကို (၂၉-၈-၂၀၂၁)ရက်နေ့တွင် (၅၀၄)ဦး၊ (၃၀-၈-၂၀၂၁)ရက်နေ့တွင် (၂၂၇)ဦး၊ (၃၁-၈-၂၀၂၁)ရက်နေ့တွင် (၃၆၇)ဦး စုစုပေါင်း(၁၀၉၈)ဦးတို့ကို မြို့နယ်ခုတင်(၅၀)ဆံ့ဆေးရုံအုပ် ဒေါက်တာသိမ့်သိမ့်ထွေး၊ တပ်မတော်ဆေးအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                            

မျိုးသီဟ(ပြန်/ဆက်)