ထားဝယ် သြဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ယမန်ရက်နေ့နံနက်ပိုင်းမှ စတင်၍ အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ထိုးနှံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနေမှုကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ယမန်ရက်နေ့ နံနက်ပိုင်းမှစပြီး ထိုးနှံပေးခဲ့ပါတယ်။နံနက်၈ နာရီမှမွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများအား ထိုးနှံပြီးသွားပါက ရဟန်းသံဃာနှင့် သီလရှင်များ ပရဟိတအသင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ပုဂ္ဂလိကဆေးရုံ/ဆေးခန်းဝန်ထမ်း၊ နိုင်ငံဝန်ထမ်း၊ သာသနာ့ဝန်ထမ်၊ဘိုးဘွားရိပ်သာ၊ဘဏ်ဝန်ထမ်းများ၊စက်ရုံ/အလုပ်ရုံဝန်ထမ်း၊ဟိုတယ်ဝန်ထမ်း၊အချုပ်သား၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းများမှ ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးသွားမှာဖြစ်တယ်ဟု ဒုတိယခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဥက္ကာထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးသော နေရာများတွင် သက်ကြီးရွယ်အိုနှင့် သက်ရွယ်ကြီးရင့်သူများအား ကျန်းမာရေးဝန်ထမ်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များက သတ်မှတ်ထားသော နေရာ များသို့ လက်တွဲ၍ ဖေးဖကူညီ ဆောင်ရွက်ပေးခဲ့သည်၊၊
ယခုဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသူများသည်ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့က ပထမအကြိမ် ထိုးနှံသူများ ဖြစ်ကြောင်း သိရပြီး ပထမအကြိမ်တွင် (၅၄၃၀)ဦး ထိုးနှံပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုး အစားဖြစ်ကြောင်း သတင်းရရှိသည်၊၊
ကျော်ကျော်လတ်