ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့မှ ကုတင် ၂၀၀ ဆံ့ခရိုင်ပြည်သူ့ဆေးရုံသို့ သန့်ရှင်းရေး သုံးပစ္စည်းများလှူဒါန်း

ညောင်ဦး ဩဂုတ်  ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့က ညောင်ဦးခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံသုံးသန့်ရှင်းပစ္စည်းများကို ယနေ့ ၊နံနက် ၉နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန် Hand Gel ၄ ဖာ၊ အီလန်ဆပ်ပြာဘူးများ ၊ ဆေးရုံသုံး ပလတ်စတစ်အိတ်ကြီး ၅ထုပ်၊ ခေါက်ဆွဲခြောက် ၂ ဖာ၊ ရေသန့် ၆ ကတ်အား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပေးအပ် လှူဒါန်းရာ ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းကလက်ခံရယူ ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆေးရုံသုံးပစ္စည်းများလှူဒါန်းမှုအား ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများကစုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကိုထိန်၊KPD