မိုင်းငေါ့မြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မိုင်းငေါ့ ဩဂုတ် ၃၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာန တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန်ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးထားပြီးသော အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူ(၃၅)ဦး တို့ကို ဩဂုတ်(၂၉)ရက်နေ့တွင် လည်းကောင်း၊ ဩဂုတ်(၃၀)ရက်နေ့တွင် အသက်(၆၅)နှစ်အထက် မိဘပြည်သူ(၇)ဦးနှင့် ပြည်သူ့ဝန်ထမ်း၊၊ ပရဟိတအသင်း ၊ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း နှင့် ဈေးရောင်းချသူ (၂၂) ဦး စုစုပေါင်း (၆၄)ဦး တို့ကို မိုင်းငေါ့ တိုက်နယ် ကျန်းမားရေးဌာန မှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့ကထိုးနှံပေးခဲ့ပါသည်။  

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း ၊သွေးပေါင်ချိန်ခြင်း၊စသည့် ကျန်းမာရေး စစ်ဆေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေး ခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုး ပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာ န မှ တာဝန်ရှိသူ တစ်ဦး၏  ပြောကြားချက်အရ သိရပါသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)