ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကော့ကရိတ် သြဂုတ် ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များပြားလာသည့်အတွက် ပြည်သူများ အနေ ဖြင့် ရောဂါကူးစက်ခံရမှုမရှိစေရေးအတွက် အသိပညာပေးနှိုးဆော် ကြေညာခြင်းများ ဆောင်ရွက်လျက်ရာ ယနေ့နံနက် ၁၀ နာရီက ကော့ကရိတ်ခရိုင်ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ချက်တွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်း စည်းများကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံကြရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံ ခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီး တိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်စသည့် အသိပညာပေးနှိုးဆော်မှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)