လောင်းလုံး သြဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် အမျိုးသမီးကျန်းမာရေးဌာနမှ အသက် (၆) လမှ (၅) နှစ်အောက်ကလေးငယ်များကို ဗီတာမင်-အေနှင့်သံချဆေးများ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က လောင်းလုံးမြို့နယ်၊ အမျိုး သမီး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာ၌ လောင်းလုံးမြို့နယ် အမျိုးသမီးကျန်းမာရေးဌာနမှ ဆရာမဒေါ်ခင်စန်းယုနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၆) လမှ (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်ပေးခြင်းနှင့် မိုးရာသီကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း (လောင်းလုံးပြန်/ဆက်)