ညောင်ရွှေမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား လျက်ရှိ

ညောင်ရွှေ      ဩဂုတ်         ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာ လျက်ရှိရာ အဆိုပါမဲစာရင်းများတွင် အချက်အလက်များ မှန်ကန် ပြည့်စုံမှု ရှိစေရေးအတွက် မဲဆန္ဒရှင်များက ပုံစံ() ပုံစံ() ပုံစံ(-က) ပုံစံ(-)တို့ဖြင့် ပြင်ဆင် လျှောက်ထားလျက်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်တွင် ပြင်ဆင်ရန်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက် နှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ ပြင်ဆင်လျှောက်ထားလျက်ရှိကြရာ  ဩဂုတ် ၁၂ ရက်နေ့ ညနေပိုင်းအထိ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ ()ဖြင့် လျှောက် ထားသူ (၁၂၂၆)ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာပုံစံ ()ဖြင့် လျှောက်ထားသူ (၆၅၄) ဦး၊ အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့မည်ဖြစ်သဖြင့် မဲစာရင်းမှအမည်ကို ပယ်ဖျက်ပေးရန် တောင်းဆိုလွှာ ပုံစံ (-က)ဖြင့် လျှောက်ထားသူ ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသော ပြင်ဆင်လွှာပုံစံ (-)ဖြင့် လျှောက်ထားသူ (၁၄၆၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရ သည်။

ညောင်ရွှေမြို့နယ်တွင် ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်း၌ မဲဆန္ဒရှင် ဦးရေ (၁၃၃၉၆၂ )ဦးရှိပြီး လျာထားမဲရုံ အရေအတွက် ၁၄၃ ရုံရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ