ဟိုပုံးမြို့တွင် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူဦးရေ ၈၄၂၆ ဦးခန့်ရှိပြီး လျှောက်ထားသူ ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ ၃၂၅၁ ဦးရှိ

ဟိုပုံး   ဩဂုတ်    ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်မှစတင်၍ ပထမအကြိမ်ထုတ်ပြန်ကြေညာထားပေးရာ ယနေ့အထိ  မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ ၈၄၂၆ ဦးခန့်ရှိပြီး လာရောက်လျှောက်ထားသူ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ ၃၂၅၁ ဦးရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် ယမန်နေ့အထိ မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ()ဖြင့် လာရောက် လျှောက်ထားသူ (၁၄၄၃)ဦး မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ()ဖြင့် လာရောက် ကန့်ကွက်သူ (၆၂၉)ဦး မဲစာရင်းတွင် ကိုယ်ရေးအချက်အလက်များ မှားယွင်းနေသဖြင့် ပြင်ဆင်ရန် ပုံစံ()()ဖြင့် လာရောက်လျှောက် ထားသူ(၁၁၇၉)ဦး ရှိကြောင်းသိရသည်။

ဟိုပုံးမြို့နယ် ရပ်ကွက်()ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၂၂)အုပ်စုတို့တွင် လက်ရှိအချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေ ၇၈၁၄၆ ဦးရှိပြီး လျာထားမဲရုံအရေအတွက်မှာ (၈၀)ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

နန်းခမ်းခြူး(ဟိုပုံး)