မိုင်းခတ် သြဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေ ထုတ်ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သြဂုတ်လ ၂၃ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့် ဘဏ်ဝန်ထမ်းများက စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိပြီးနေ့စဉ် နံနက်(၈)နာရီမှ မွန်းလွဲ(၂)နာရီအထိ ထုတ်ပေးခြင်းနှင့် ပင်စင်လာရောက် ထုတ်ယူရန် အခက် အခဲရှိသည့် ဝန်ထမ်းအငြိမ်းစားများအား ကိုယ်စားလှယ်လွှဲစာဖြင့် လာရောက်ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေကြောင်းနှင့် အခြားငွေထုတ်သူများလည်း နေ့စဉ် နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီထိ လာရောက် ထုတ်ယူနိုင်ကြောင်း မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)မှ သိရသည်။
မြို့နယ် (ပြန်/ဆက်)